မိုးစပါးစံကွက်ရိတ်သိမ်းနေမှုအခြေအနေအား ကွင်းဆင်းစစ်ဆေး

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ ထန်းတပင်မြို့နယ်၊ ကြာအင်းကျေးရွာအုပ်စုနှင့် ရွှေကြာဗျိုက်ကျေးရွာအုပ်စုတို့၌ (၂၆-၁၁-၂၀၂၄)ရက်၊ (၀၉၀၀)အချိန်တွင် မိုးစပါးစံကွက် ရိတ်သိမ်းနေမှုအခြေအနေအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်နိုင်ဦး(မြို့နယ် အုပ်ချုပ်ရေးမှူး)သည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိ သူများ၊ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ တောင်သူများနှင့်အတူ ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။