ရှမ်းပြည်နယ်၊ မူဆယ်ခရိုင်၊ မူဆယ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေး ခန်းမ၌ (၇-၈-၂၀၂၄)ရက်၊ (၁၀၀၀)အချိန်တွင် ယာယီနေရပ်စွန့်ခွာဝန်ထမ်းများအား အခြေခံ စားသောက်ကုန်ပစ္စည်းများနှင့် ထောက်ပံ့ငွေများပေးအပ်ခြင်း အခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇော်မိုး (ခရိုင်အုပ်ချုပ်ရေးမှူး)၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ အခြားပြည်နယ်/ တိုင်းဒေသကြီးမှ ယာယီနေရပ်စွန့်ခွာလာသော ဌာနဆိုင်ရာများမှဝန်ထမ်းများ တက်ရောက်ခဲ့ကြ ပါသည်။ အဆိုပါအခမ်းအနားတွင် ခရိုင်အုပ်ချုပ်ရေးမှူးက ယာယီနေရပ်စွန့်ခွာလာသော ဌာန ဆိုင်ရာ ဝန်ထမ်းများအား အခြေခံစားသောက်ကုန်ပစ္စည်းများဖြစ်သည့် ဆန်၊ ဆီနှင့် ထောက်ပံ့ ငွေများပေးအပ်ခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။