ငါးမျိုးစေ့စိုက်ထည့်ခြင်းအခမ်းအနားကျင်းပ

ရှမ်းပြည်နယ်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ ကုန်းကျိုင်းကျေးရွာ အုပ်စု၊ ဟန်လွဲကျေးရွာတွင် (၆-၈-၂၀၂၄)ရက်၊ (၀၉၀၀)အချိန်၌ နမ့်တဘက်ချောင်းအတွင်းသို့ ငါးမျိုးစေ့စိုက်ထည့်ခြင်း အခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ထွန်း (မြို့နယ်အုပ်ချုပ်ရေးမှူး)၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ ဒေသခံပြည်သူများ စုစုပေါင်း အင်အား (၆၀)ဦးတို့ တက်ရောက်ခဲ့ကြပါသည်။ အဆိုပါအခမ်းအနားတွင် ငါးမြစ်ချင်း၊ ရွှေဝါ ငါးကြင်းနှင့် ငါးခုံးမ စုစုပေါင်းငါးမျိုးစိတ်အကောင်ရေ (၆၀,၀၀၀)အား ငါးမျိုးစေ့စိုက်ထည့်ခြင်း ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။