ရှမ်းပြည်နယ်၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်၊ သီပေါမြို့၊ ဇာတ်စုရပ်ကွက်ရှိ အမှတ် (၂)၊ အခြေခံပညာအထက်တန်းကျောင်း၊ ပိတောက်ဆောင်ခန်းမ၌ (၁၀-၉-၂၀၂၃)ရက်နေ့၊ (၁၄၀၀) အချိန်တွင် (၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာ အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲနှင့် မြို့နယ်အဆင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စိုးဝင်း (မြို့နယ်အုပ်ချုပ်ရေးမှူး) သည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ဌာန ဆိုင်ရာအကြီးအကဲများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့များ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်းဥက္ကဋ္ဌနှင့် အသင်းဝင်များ၊ ပြိုင်ပွဲဝင်ကျောင်းသား/ သူများ၊ သက်ဆိုင်ရာကျောင်းအုပ်ကြီးများ နှင့် ဆရာ/ ဆရာမများ၊ စုစုပေါင်းအင်အား (၁၀၀)ဦး တက်ရောက်ခဲ့ပါသည်။ အဆိုပါအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ အဖွင့်အမှာစကားပြောကြားခြင်း၊ မြို့နယ်ပညာရေးမှူးကိုယ်စား ဒုတိယမြို့နယ်ပညာရေးမှူးမှ မြန်မာ့ရိုးရာအဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲပြုလုပ်ရခြင်းနှင့် စည်းမျဉ်း စည်းကမ်းများ ရှင်းလင်းပြောကြားခြင်း၊ မြို့နယ်အဆင့်ပြိုင်ပွဲတွင် ဆုရရှိသူပြိုင်ပွဲဝင် ကျောင်းသား/ သူများအား ဆုချီးမြှင့်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။