ရှမ်းပြည်နယ်၊ တန့်ယန်းခရိုင်၊ မိုင်းရယ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမင်းအောင် (မြို့နယ်အုပ်ချုပ်ရေးမှူး) သည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များ၊ စုစုပေါင်းအင်အား (၅၀)ဦးနှင့်အတူ (၅-၉-၂၀၂၃)ရက်၊ (၀၇၃၀)အချိန်တွင် မြို့မဈေးကြီးအတွင်း/ အပြင်တို့၌ ဈေးရောင်း/ ဈေးဝယ်နှင့် လမ်းသွားလမ်းလာ ပြည်သူများအား ကျန်းမာရေးအသိပညာပေးခြင်းနှင့် Mask (၈၀၀)ခုနှင့် လက်ကမ်းစာစောင် (၅၀)ခုတို့အား ဖြန့်ဝေ၍ ချက်ခြင်းတပ်ဆင်စေခြင်းစနစ်ဖြင့် Mask Campaign ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။