ရှမ်းပြည်နယ်၊ လားရှိုးခရိုင်၊ လားရှိုးမြို့နယ်၊ ပညာရေးဒီဂရီကောလိပ်၊ ရတနာခန်းမ၌ (၄-၉-၂၀၂၃) ရက်နေ့၊ (၁၀၀၀) အချိန်တွင် လူငယ်သီတင်းပတ်အခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားတွင် ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူး ဦးမျိုးကျော်က ဖဲကြိုးဖြတ်ဖွင့်လှစ်ခြင်း၊ အဖွင့်အမှာ စကားပြောကြားခြင်းများ ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ ပြည်နယ်ဒုတိယ/ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသူများ၊ သင်တန်းသူများ တက်ရောက်ခဲ့ကြပြီး ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူးက ခင်းကျင်းပြသထားသော မှတ်တမ်းဓါတ်ပုံများ၊ ဆရာ/ ဆရာမ များ၏ လက်မှုပညာများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်းသတင်းရရှိပါသည်။