မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်ရှိ ကဒတ်ချောင်းရေတံခါးကြံ့ခိုင်ရေး၊ အထွေထွေ ပြုပြင်ခြင်းလုပ်ငန်းနှင့် နုန်းတာတမံများတည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက် ပြီးစီးမှုအခြေအနေ များအား ကွင်းဆင်းစစ်ဆေး

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂ ရက် နံနက် ၉ နာရီ ၃၀ မိနစ်တွင် မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၏ ၂၀၂၅ - ၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ပြည်နယ်ရန်ပုံငွေဖြင့်ဆောင်ရွက်သော ကဒတ်ချောင်းရေတံခါးကြံ့ခိုင်ရေး၊ အထွေထွေပြုပြင်ခြင်း လုပ်ငန်းနှင့်နုန်းတာတမံများတည်ဆောက်ခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများအား ခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကံစောလှိုင် ဦးဆောင်၍ မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။