ရှမ်းပြည်နယ်၊ လားရှိုးခရိုင်၊ လားရှိုးမြို့၊ အမှတ်(၈)အောင်မေတ္တာရပ်ကွက်တွင် မဲစာရင်းများပြည့်စုံ မှန်ကန်စေရေးနှင့် မဲပေးပိုင်ခွင့်ရှိသူများ မဲစာရင်းတွင်မကျန်ရှိစေရေးအတွက် တစ်အိမ်တက်/ ဆင်း ကွင်းဆင်းစစ်ဆေးရေးအဖွဲ့မှ မဲစာရင်းတိုက်ဆိုင်စစ်ဆေးနေမှုအား ကွင်းဆင်

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက် နံနက် ၁၀ နာရီ ၄၀ မိနစ်တွင် ရှမ်းပြည်နယ်၊ လားရှိုးခရိုင်၊ လားရှိုးမြို့၊ အမှတ်(၈)အောင်မေတ္တာရပ်ကွက်တွင် နိုင်ငံသားတိုင်းမဲပေးပိုင်ခွင့်အခွင့်အရေး ပြည့်ဝစွာ ရရှိစေရေး၊ မဲပေးခြင်းသည် နိုင်ငံသားများမှ အမျိုးသားရေးတာဝန်ထမ်းဆောင်ခြင်းဖြစ်သည့် အတွက် မဲစာရင်းများပြည့်စုံမှန်ကန်စေရေးနှင့် မဲပေးပိုင်ခွင့်ရှိသူများ မဲစာရင်းတွင်မကျန်ရှိစေရေး အတွက် တစ်အိမ်တက်/ ဆင်းကွင်းဆင်းစစ်ဆေးရေးအဖွဲ့မှ မဲစာရင်းတိုက်ဆိုင်စစ်ဆေးနေမှုအား ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းမြောက်)ဥက္ကဋ္ဌ ညွှန်ကြားရေးမှူး ဦးမြင့်သန်းဝင်း ဦးဆောင်၍ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်း ရရှိပါသည်။