၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၂ ရက် နံနက် ၁၁ နာရီ ၃၀ မိနစ်တွင် ရှမ်းပြည်နယ်၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်၊ မိုက်ဟိုင်းကျေးရွာအုပ်စုတွင် မိုးသီးနှံနေကြာမျိုးစေ့ထုတ်စိုက်ခင်း စိုက်ပျိုးနေမှုနှင့် မြေဆီလွှာကောင်းမွန်စေရေးအတွက် သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်) ထယ်ထိုးခြင်း ကွင်းသရုပ်ပြ ပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမြင့်၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးအဖွဲ့မှ တာဝန်ရှိသူများ၊ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့်အတူ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိ ပါသည်။