မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်၊ ငါန်းဇွန်မြို့၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ တက္ကသိုလ် ဝင်စာမေးပွဲ (မြန်မာစာ)ဘာသာရပ်ပြန်လည်ဖြေဆိုနေမှုအခြေအနေအား ကြည့်ရှု အားပေး

၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၆ ရက် နံနက် ၉ နာရီ၊ ၁၅ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်၊ ငါန်းဇွန်မြို့၊ အ.ထ.က (ငါန်းဇွန်)စာဖြေဌာန၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ (မြန်မာစာ) ဘာသာရပ်ပြန်လည်ဖြေဆိုနေမှုအခြေအနေအား မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းသိန်းသည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်အတူ လိုက်လံ ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိပါသည်။