တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဘုရင့်နောင် အစည်းအဝေးခန်းမ၌ စာရေးဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည် မြင့်မား‌ရေးသင်တန်း အမှတ်စဉ်‌(၁/ ၂၀၂၅)သင်တန်းဖွင့်ပွဲအခမ်းအနား”ကျင်းပ

၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၆ ရက် နံနက် ၁၀ နာရီတွင် တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်း ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဘုရင့်နောင်အစည်းအဝေးခန်းမ၌ “စာရေးဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မား‌ရေးသင်တန်း အမှတ်စဉ်‌(၁/ ၂၀၂၅)သင်တန်းဖွင့်ပွဲ အခမ်းအနား” ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါသင်တန်းဖွင့်ပွဲသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးရဲမြတ်တင့်သည် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များနှင့်အတူ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။