တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်၊ အုန်းတောကမ်းကျေးရွာအုပ်စု၊ အုန်းတောကမ်းကျေးရွာတွင် မုန်တိုင်းဘေးအန္တရာယ်နှင့်ရေကြီးရေလျှံမှု ကြိုတင်ကာကွယ်ရေး ဟောပြောပွဲနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းအခြေအနေအား ကြည့်ရှု

၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၆ ရက် နံနက် ၈ နာရီတွင် တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်း ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမင်းကိုသည် ခရိုင်၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များနှင့်အတူ ဘုတ်ပြင်းမြို့နယ်၊ အုန်းတောကမ်းကျေးရွာအုပ်စု၊ အုန်းတောကမ်းကျေးရွာတွင် မုန်တိုင်းဘေးအန္တရာယ်နှင့် ရေကြီးရေလျှံမှု ကြိုတင်ကာကွယ်ရေး ဟောပြောပွဲနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းဆောင်ရွက်နေမှုအခြေအနေအား ကြည့်ရှုအားပေး ခဲ့ကြောင်း သတင်းရရှိပါသည်။