၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၆ ရက် နံနက် ၉ နာရီတွင် တနင်္သာရီတိုင်းဒေသကြီးအထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ (၃)ထပ်ဆောင်အစည်းအဝေးခန်းမ၌ စာရေးအဆင့်(၁)ဝန်ထမ်း ၃၀ ဦးနှင့် စာရေးအဆင့်(၂)ဝန်ထမ်း ၁၆ ဦး၊ စုစုပေါင်း ဝန်ထမ်း ၄၆ ဦးတို့ လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားရေးသင်တန်း အမှတ်စဉ်(၁/၂၀၂၅) အရည်အချင်းစစ်စာမေးပွဲဖြေဆိုနေမှုအခြေအနေအား တိုင်းဒေသကြီးအုပ်ချုပ်ရေးမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်ချိုသည် တိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အရာထမ်းများနှင့်အတူ လိုက်လံကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိပါသည်။