ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်၊ ဥယျာဉ်ရပ်ကွက်၊ မြို့နယ်ကမ္ဘောဇခန်းမ၌ ရာဂီမုန်တိုင်းကြောင့် စပါးနှင့်သီးနှံများ ပျက်စီးဆုံးရှုံးခဲ့သည့် တောင်သူများအား ထောက်ပံ့ငွေပေး အပ်ပွဲကျင်းပ

၂၀၂၅ ခုနှစ်၊ ဇွန်လ ၉ ရက် နံနက် ၁၀ နာရီတွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်၊ ဥယျာဉ်ရပ်ကွက်၊ မြို့နယ်ကမ္ဘောဇခန်းမ၌ ရာဂီမုန်တိုင်းကြောင့် စပါးနှင့်သီးနှံပျက်စီး ဆုံးရှုံးခဲ့သည့် တောင်သူများအား ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနား သို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမြင့်သည် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများမှတာဝန်ရှိသူများ၊ ရပ်ကွက် /ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးများနှင့် စာရေးများ၊ တောင်သူများ တက်ရောက်ခဲ့ကြပါသည်။ အဆိုပါ အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူးက အမှာစကားပြောကြားခဲ့ပြီး ရာဂီ မုန်တိုင်းကြောင့် စပါးနှင့်သီးနှံပျက်စီးဆုံးရှုံးခဲ့သည့် တောင်သူများအား ထောက်ပံ့ငွေများ ပေးအပ် ခဲ့ကြောင်း သတင်းရရှိပါသည်။