ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်၊ ဇေယျာသီရိရပ်ကွက်အုပ်ချုပ်ရေးမှူး ရုံး၌ ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားပြုလုပ်ပေးနေမှု အခြေအနေအား ပူးပေါင်းဆောင်ရွက်

၂၀၂၅ ခုနှစ်၊ ဇွန်လ ၉ ရက် နံနက် ၁၀ နာရီ ၃၀ မိနစ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်၊ ဇေယျာသီရိရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ နိုင်ငံသားစိစစ်ရေးကတ်ပြား မပြုလုပ်ရသေးသော ပြည်သူများကို ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားပြုလုပ်ပေးနေမှုနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားပြုလုပ်ရရှိပြီးသူများကို ကတ်ပြားများထုတ်ပေးနေမှုအခြေအနေအား မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထူးထက်သည် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းပူးပေါင်း ကြီးကြပ်ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။