ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်၊ ကျွန်းကလေးကျေးရွာအုပ်စုရှိ လိုင်စင်မဲ့ မော်တော်ယာဉ်/ ဆိုင်ကယ်များ ထိရောက်စွာဖော်ထုတ်ဖမ်းဆီးအရေးယူဆောင်ရွက်ရာတွင် ပူးပေါင်း ဆောင်ရွက်

၂၀၂၅ ခုနှစ်၊ ဇွန်လ ၆ ရက် နံနက် ၉ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်၊ ကျွန်းကလေးကျေးရွာအုပ်စုရှိ ဆည်မြောင်းကားမှတ်တိုင်၌ မြို့နယ်ဒုတိယဦးစီးမှူး ဦးတေဇာမြင့်မြတ်သည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာန များမှ တာဝန်ရှိသူများနှင့်အတူလိုင်စင်မဲ့ မော်တော်ယာဉ်/ ဆိုင်ကယ်များ ထိရောက်စွာ ဖော်ထုတ် ဖမ်းဆီးအရေးယူ ဆောင်ရွက်ရာတွင် ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်းသတင်းရရှိခဲ့ပါသည်။