မွန်ပြည်နယ်၊ ရေးခရိုင်၊ ရေးမြို့နယ်၊ တူးမြောင်းကျေးရွာအုပ်စုရှိ ခရိုင်စုပေါင်းရုံးဝင်းအတွင်း၌ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ်အဖြစ် ၂၀၂၅ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကျင်းပ

၂၀၂၅ ခုနှစ်၊ ဇွန်လ ၅ ရက် နံနက် ၇ နာရီ ၃၀ မိနစ်တွင် မွန်ပြည်နယ်၊ ရေးခရိုင်၊ ရေးမြို့နယ်၊ တူးမြောင်းကျေးရွာအုပ်စုရှိ ခရိုင်စုပေါင်းရုံးဝင်းအတွင်း၌ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် ၂၀၂၅ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစန်းမင်း၊ ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ခရိုင်၊မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့များ၊ အမျိုးသမီးရေးရာ အဖွဲ့ဝင်များ၊ လူမှုကူညီရေးအသင်းများ၊ ဆရာ/ မများနှင့် ကျောင်းသား/ သူများ တက်ရောက် ခဲ့ကြပြီး ကျွန်း၊ ပျဉ်းကတိုး၊ ပျဉ်းမ၊ မဟော်ဂနီနှင့် မန်ဂျန်ရှားစသည့် ပျိုးပင်ပေါင်းအပင်(၅၀၀)ပင် တို့အား စိုက်ပျိုးခဲ့ကြောင်း သတင်းရရှိပါသည်။