၂၀၂၅ ခုနှစ်၊ ဇွန်လ ၃ ရက် နံနက် ၈ နာရီ ၁၀ မိနစ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ်၊ တာမွေကြီး(ခ)ရပ်ကွက်၊ ကျိုက္ကဆံကွင်းရှိ အားကစားနှင့် ကာယသိပ္ပံ(ရန်ကုန်)တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ အားကစားနှင့်ပညာရေး ပေါင်းစပ်လေ့ကျင့်ရေး သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်ဝန်ကြီးများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ တက်ရောက် ခဲ့ကြောင်း သတင်းရရှိပါသည်။