၂၀၂၅ ခုနှစ်၊ ဇွန်လ ၃ ရက် နံနက် ၁၁ နာရီတွင် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ခေါင်သည် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့်အတူ ချောင်းငယ်ရပ်ကွက်၊ မြို့ဦးပရိယတ္တိ စာသင်တိုက်ဘုန်းတော်ကြီးကျောင်း၌ ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တအရှင်ဇောတိကထံသို့ သွားရောက်၍ ကျောင်းရှိ စာသင်ကျောင်းသား/ သူများအတွက် ကျောင်းသုံးဗလာစာအုပ်နှင့် စာရေးကိရိယာများ ထောက်ပံ့လှူဒါန်းခဲ့ကြောင်း သတင်းရရှိပါသည်။