တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့၊ အဏ္ဏဝါရပ်ကွက်၊ အပြည်ပြည် ဆိုင်ရာ နယ်စပ်အဝင်/အထွက်ဂိတ်ဖွင့်ပွဲ အခမ်းအနားကျင်းပ

၂၀၂၅ ခုနှစ်၊ ဇွန်လ ၂ ရက် နံနက် ၉ နာရီတွင် တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်း ခရိုင်၊ ကော့သောင်းမြို့၊ အဏ္ဏဝါရပ်ကွက်၊ အပြည်ပြည်ဆိုင်ရာနယ်စပ်အဝင်/အထွက် ဂိတ်ဖွင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြတ်ကိုနှင့် ဝန်ကြီးများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးအောင်သည် ခရိုင်၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များနှင့်အတူ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။